Monday, January 21, 2008

အရေးကြီးသော ဥပဓိရုပ်

လောကတွင် လူတိုင်းလူတိုင်းသည် မည်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်ဖြစ်စေ ဥပဓိရုပ်သည် အလွန်အရေးပါလှသည်။ လမ်းဘေးဈေးသည်မှအစ နိုင်ငံ့အကြီးအကဲအဆုံး လူတန်းစားမရွေး ဥပဓိရုပ်ကောင်းရန် လိုအပ်သည်။ ရုပ်ဆိုးသည်ကို လှပအောင်ပြုပြင်ရန်ခက်သော်လည်း ဥပဓိရုပ်မကောင်း သည်ကို ကောင်းအောင် ပြုပြင်ရန် လွယ်ကူပါသည်။ ဥပဓိရုပ်မကောင်းလျှင် နှစ်သက်ဖွယ်မဖြစ်။ ရုပ်မလှ သော်လည်း ဥပဓိရုပ်ကောင်းလျှင် နှစ်သက်ဖွယ်ဖြစ်သည်။ ဥပဓိရုပ်ကောင်းမကောင်းမှာ လူ၏စိတ်ထားပေါ်တွင် အဓိကအားဖြင့် တည်နေသည်။ စိတ်ထားကောင်းလျှင် ဥပဓိရုပ်ကောင်းသည်။ စိတ်ထားမကောင်းလျှင် ဥပဓိရုပ်မကောင်းပါ။ ထို့ကြောင့် ဥပဓိရုပ်ပျက်စေမည့် အကြောင်းများကို သိမြင်နားလည်ပြီး ရှောင်နိုင်ရန်၊ ဥပဓိရုပ်ကောင်းစေမည့်အချက်များကို ဆောင်နိုင်ရန် ကြိုးစားရပေမည်။
ဥပဓိရုပ်ပျက်စေသည့်အချက်များ

(၁) လောဘကြီးလွန်းခြင်း
(၂) ဒေါသကြီးမားခြင်း
(၃) အာဃာတတရားကြီးမားခြင်း
(၄) အနိုင်ရခြင်စိတ်များခြင်း
(၅) မာနကြီးခြင်း
(၆) မစ္ဆရိယစိတ်များပြားခြင်း
(၇) မနာလိုစိတ်ရှိခြင်း
(၈) ကောက်ကျစ်စဉ်းလဲခြင်း
(၉) အနိုင်ကျင့်ခြင်း
(၁၀) တစ်ကိုယ်ကောင်းဆန်ခြင်း
(၁၁) <ကားဝါခြင်း
(၁၂) အလွန်အကျွံရယ်မောခြင်း၊ ငိုခြင်း၊ ကြောက်ရွံ့ခြင်း
(၁၃) ဒူးနန့်ခြင်း
(၁၄) မဲ့ကာရွဲ့ကာပြောခြင်း
(၁၅) ဇီဇာကြောင်ခြင်း
(၁၆) ဟန်ကြီး ပန်ကြီးနိုင်ခြင်း
(၁၇) အရက်အလွန်အကျွံသောက်ခြင်း
(၁၈) ကွမ်းစားလွန်း၍ ပါးစပ်နှုတ်ခမ်းများ ညစ်ပေခြင်း
(၁၉) နောက်ပြောင်လွန်းခြင်း
(၂၀) ပေါ့ပျက်စွာပြောဆိုနေထိုင်ခြင်း
(၂၁) ကုန်းတိုက်ခြင်း
(၂၂) စိတ်ပျက်ညည်းညူတတ်ခြင်း
(၂၃) အပျော်လွန်ကဲခြင်း
(၂၄) မေတ္တာကုန်ခမ်းခြင်း စသည်တို့ဖြစ်သည်။

ဤအချက်များမှာ ကျွနိုပ်အလွန်နှစ်သက်သော စာရေးဆရာလယ်တွင်းသားစောချစ်၏ ဥပဓိရုပ် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ကျွနိုပ်ကိုယ်တိုင်လည်း ဤအချက်များကို ကြိုးစားလိုက်နာကာ ဥပဓိရုပ်ကောင်းအောင်ကြိုးစားပြုပြင်ရင်း ကျွနိုပ်၏ဘလော့အား အချိန်အကုန်ခံပြီး လာလည်သူမိတ်ဆွေ အားလုံးအတွက်လည်း အကျိုးရှိမည်ဟု ယုံကြည်သောကြောင့် မီးလာသည့်အချိန်၊ မီးအားကောင်းသည့်အချိန် အိပ်ရေးပျက်ခံပြီးစာရိုက်လာကာ ဘလော့တွင် ဖော်ပြခြင်းဖြစ်ပါသည်။ အမှားများပါရင်လည်း ကူညီပေးကြပါ။ ထောက်ပြကြပါ။ ဝေဖန်မှုများကို ၀မ်းပန်းတသာနှင့် အမြဲကြိုဆိုပါသည်။ ဥပဓိရုပ်ပျက်စေသောအချက်များကို သတိထားရှောင်ကြဉ်ခြင်းဖြင့် ဥပဓိရုပ်ကောင်းနိုင်ကြပါစေ။

2 comments:

အိမ်ဝေးသူ said...

အရေးကြီးသော .....အချက်အားလုံးကို
လိုက်နာဖို့ကြိုးစားနေရင်း.........
ခုလို ....ပို့စ်တင်ပေးတဲ့အတွက်
ကျေဇူးနော်......
ကဗျာလေးတွေ ဆက်လက်ရေးနိုင်အောင်
ကြိုးစားလျှက်ပါ.။

Google Myanmar Services said...

i like your posted. it is great idea. go ahead