Friday, February 1, 2008

တစ်ယောက်သောသူ

ရွှန်းလဲ့လွန်းတဲ့ မင်းမျက်ဝန်းနဲ့
မာယာကင်းသော စကားလေးက
ရင်ကိုထိခဲ့
ကြည်လင်ရှင်းသန့် အပြစ်ကင်းတဲ့
ပါးချိုင့်လေးရဲ့ အပြုံးတစ်ချက်
ငါသေလောက်ရဲ့
ကြင်နာတတ်သော မင်းအကြည့်ရယ်
ကူညီတတ်တဲ့ မင်းရဲ့သွင်ပြင်
ကိုယ်ရင်ထဲမှာ စွဲထင်နေတာ
မင်းသိရဲ့လား
တစ်ယောက်သောသူအတွက် ရောင်စဉ်ခံစားရေးဖွဲ့သည်။

No comments: