ဖြူစင်သူအခုတလော ပျောက်နေတယ်လို့ အကိုတွေအမတွေက ပြောကြတယ်နော်။ အသစ်မတင်နိုင်သေးတာကို သည်းခံပြီး လာရောက်ဖတ်ရှု့ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်နော်။ စာမေးပွဲဖြေနိုင်ပါစေလို့ဆုတောင်းပေးတဲ့ ကိုသားငယ်ကိုလည်း အရမ်းကျေးဇူးတင်တယ်နော်။ ကိုသားငယ် ဆုတောင်းပေးလို့လားမသိဘူးနော် ဖြူစင်သူ မဟာသုတေသနသင်တန်းကို ဆက်တက်ခွင့်ရတယ်။ အဲ့ဒီ့သင်တန်းကြောင့် ဖြူစင်သူ ပို့စ်အသစ်တွေမတင်နိုင်တာပေါ့။ ဖြူစင်သူလေ ၂ရက်နေ့မနက်ပိုင်းကစပြီး မနားရတာ ဒီနေ့အထိပါပဲ။ ပြောရရင်စိတ်ကောလူကောမနားရတာပေါ့နော်။ ဖြူစင်သူ့ဘ၀မှာ စိတ်ညစ်စရာတွေကို ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခါကတော့ အဆိုးဆုံးပဲ။ ဒါပေမယ့် ဖြူစင်သူ စိတ်ဒုက္ခရောက်တဲ့အချိန်မှာ ဖြူစင်သူ့ အမေ၊ ဆရာ/ဆရာမတွေ၊ အကိုတွေအမတွေရဲ့ ဂရုစိုက်မှုနဲ့ အားပေးမှု၊ ကူညီဆောင်ရွက်ပေးမှုတွေကို ရရှိခဲ့ရတဲ့အတွက် ဖော်ပြလို့မရနိုင်အောင် ကြည်နူးခဲ့ရပါတယ်။
ဖြူစင်သူရဲ့စိတ်ရောလူရောပင်ပန်းရတဲ့အကြောင်းကတော့ ကျောင်းအပ် နောက်ကျလို့ပဲလေ။ ကျောင်းအပ်ဖို့ တစ်ရက်နောက်ကျ သွားခဲ့ရတယ်လေ။ ဖြူစင်သူက ပေါ့ဆတတ်တဲ့အကျင့် ရှိတယ်လေ။ ဖြူစင်သူမှာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့လူတစ်ယောက်လို ခံစား ရတာပေါ့။ ဒါပေမယ့် ဖြူစင်သူက ဖြစ်သမျှအကြောင်း အကောင်းပဲလို့မြင်ပြီး ဆက်မတက် တော့ဘူးဆိုပြီး ပြန်လာခဲ့ပါတယ်။ ဖြူစင်သူရဲ့ ဆရာ/ဆရာမတွေက အားသွန်ခွန်စိုက်အားပေး ကူညီမှုတွေကြောင့် ကျောင်းဆက်တက်ခဲ့ရတာပါ။ ဖြူစင်သူအတွက်လိုအပ်သမျှကို စိတ်တစုံ တရာငြိုငြင်မှုမရှိဘဲ ကူညီခဲ့တဲ့ အန်တီကြီးဒေါ်အေးမြင့်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ စိတ်ရောလူရော အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဆရာ/ဆရာမများရဲ့ ကျေးဇူးကို လည်း အမြဲအမှတ်ရနေမိမှာပါ။ ကျောင်းပြန်တက်ခွင့်ရဖို့ အသနားခံစာကို လက်ခံခဲ့တဲ့ မော်ကွန်းထိန်းဆရာမနှင့် ဒုပါမောက္ခချုပ်တို့ကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။ ကျောင်းအပ်ဖို့အတွက် လက်ခံကြောင်း လက်မှတ်ထိုးပေးတဲ့ ဆရာမ ဒေါ်ခင်သန္တာဝင်းကို လည်း ကျေးဇူးတင်ပါတယ်။ ဖြူစင်သူ စိတ်ညစ်သလို တသားတည်း ခံစားပေးတတ်တဲ့ အမျိုးသားအကျိုးစီးပွားသုတေသနအဖွဲ့မှ အကိုတွေ အမတွေအားလုံးရဲ့ မေတ္တာတရားကိုလည်း သိရှိခဲ့ရပါတယ်။ ဖြူစင်သူ့ကို ပြင်ပကနေ စိတ်အား တက်အောင် ကူညီမပေး ပေမယ့် စိတ်ထဲကနေပြီး အားပေးနေတဲ့ သူတွေလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ အခုတော့ အားလုံးရဲ့စေတနာ၊ မေတ္တာတွေကြောင့် ဖြူစင်သူ ကျောင်းဆက်တက်ခွင့်ရခဲ့ပါပြီ။ ဖြူစင်သူ အရမ်းကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
Tuesday, July 15, 2008
ကျေးဇူးတင်ထိုက်သူများ
Subscribe to:
Post Comments (Atom)
Falling hearts Here
No comments:
Post a Comment