Friday, July 25, 2008

မုန်းချင်တယ်




မိန်းကလေးတွေနဲ့ရင်းနှီးလွန်းတဲ့မင်းကို မုန်းချင်တယ်
ငါ့ကိုအလေးမထားတဲ့မင်းရဲ့စိတ်ကို မုန်းချင်တယ်
တခြားသူတွေကို ဂရုစိုက်တဲ့မင်းရဲ့အပြုအမူကို မုန်းချင်တယ်
ဟန်ဆောင်တတ်တဲ့မင်းမျက်ဝန်းတွေကို မုန်းချင်တယ်
ညတိုင်းအိမ်မက်ထဲမှာလာနှောက်ယှက်တဲ့ မင်းကို မုန်းချင်တယ်
ဒါ့ကြောင့် ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်လေ တို့ဆုတောင်းမှာက
သူဆိုတဲ့လူတစ်ယောက်ကို မုန်းတတ်တဲ့စိတ်ရှိရပါလို၏ဘုရား


ခံစားရေးဖွဲ့သူ - နှင်းဆီနက်

No comments: