
နှစ်ပေါင်းများစွာ ခင်မင်ပါလဲ
ခုလိုခွဲခွာ မင်းထွက်သွားမယ်
ဘယ်ထင်မလဲ သူငယ်ချင်းရယ်
အတူရှိစဉ် တန်ဖိုးမသိ
ကလေးလိုပင် ဆိုးခဲ့ပါလည်း
ခွင့်လွှတ်ပေးခဲ့ မင်းရဲ့ဘက်က
အပြစ်မမြင် ဆက်ခါခင်ဆဲ
ရန်ဖြစ်ကြလည်း ပြန်ခေါ်မြဲပဲ
ရှောင်လွှဲမရ ခွဲခွာခဲ့ရ
ဘ၀တက်လမ်း မင်းလျောက်လှမ်းရ
မသွားစေချင် ငါ့စိတ်နာကျင်
ဆုတောင်းပေးတုန်း မျက်ရည်များစို့
ဟန်ဆောင်ပြုံးရင်း လက်ပြကျန်ရစ်
ခုတောလည်းပဲ တို့ဝေးနေဆဲ
သို့ပေမယ့်လဲ ငါလွမ်းနေတယ်
သူငယ်ချင်းရယ်
ခံစားရေးဖွဲ့သူ - ရောင်စဉ်
Friday, July 25, 2008
အဝေးရောက်သူငယ်ချင်း
Subscribe to:
Post Comments (Atom)
Falling hearts Here
No comments:
Post a Comment