Tuesday, June 24, 2008

ငါမရခဲ့သောအရာများ

သံယောဇဉ်ကြီးတဲ့ မင်းရဲ့အကြည့်နဲ့
ငါမဆုံခဲ့ပါဘူး။
ငါအလိုချင်ဆုံး မင်းရဲ့အားပေးစကား
ငါမကြားခဲ့ပါဘူး။
ငါအမက်မောဆုံး မင်းရဲ့အလေးထားမှု
ငါမရခဲ့ပါဘူး။
ဒါပေမယ့် ငါမင်းကို -----
မင်းရဲ့အပြုံး
မင်းရဲ့စကား မင်းရဲ့သွင်ပြင်ကို
မြင်နေရရုံလေးနဲ့ ကျေနပ်နေတတ်တဲ့
ငါ့ကိုယ်ငါကို စိတ်ကုန်မိတယ်

ရောင်စဉ်ခံစားရေးဖွဲ့သည်။

1 comment:

ဖူးဖူး said...

အရမ်းကောင်းတယ်။ ဒီတိုင်းဖတ်လိုက်ရင် ကဗျာတော့မဟုတ်ပေမဲ့ ခံစားချက် အပြည့်ပါတယ်။ အရမ်းကြိုက်တယ်။
ပေးချင်တဲ့ ခံစားချက်တစ်ခု ( ပြောချင်တဲ့ အကြောင်းအရာ)ကို ထိထိရောက်ရောက် ပေးနိုင်တဲ့ ကဗျာလေးပါ