Friday, July 25, 2008

ဘယ်သူမပြုမိမိမှု



မင်းလဲကျခိုက်
တောင်ဝှေးတချောင်းလို ထူပေးလိုက်
ငါလဲကျခိုက်
မင်းကပျော်ရွှင် ရယ်မောလိုက်
မင်းဂရုစိုက်ခိုက်
မင်းသမီးတစ်ပါးလို မော်ကြွားလိုက်
မင်းပြစ်ပယ်ခိုက်
အစေခံတစ်ယောက်လို သိမ်ငယ်လိုက်
ဘယ်လိုဖြစ်ပစေ ငါကလေ
မင်းတစ်ယောက်ကိုသာ ချစ်နေမှာ
မင်းမသိလည်း နေပါကွာ
ငါ့အပြစ်နဲ့ ငါပဲဟာ

ခံစားရေးဖွဲ့သူ - ရောင်စဉ်

No comments: