Friday, January 11, 2008

အိပ်မပျော်သောသူငယ်ချင်းများအတွက်

(၁) ဒန့်ကျွဲစေ့ကို ကော်ဖီစေ့ကဲ့သို့ အမှုန့်လုပ်ပြီး၊ သကြားနှင့် ရောဖျော်ပြီး သောက်ပါ။
(၂) ဖီးကြမ်းငှက်ပျောသီးကိုတစ်နေ့တစ်လုံးစားပေးခြင်း၊ ငှက်ပျောသီးကို ပျားရည်ဖြင့် စိမ်ပြီး စားခြင်း၊ ဖျော်ရည်လုပ်သောက်ခြင်း၊ မီးကင်စားခြင်း တို့ ပြုလုပ်ပါ။
(၃) မြင်းခွာရွက်ပÍ္စငါးပါးကို ရေစင်အောင်ဆေးပြီး အမှုန့်ပြုလုပ်ကာ ပျားရည်နှင့် ရော၍ သောက်သုံးခြင်း၊ နွားနို့ဖြင့် သောက်သုံးခြင်း တို့ကို ပြုလုပ်ပြီး နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြပါစေ။

စိတ်ဖိစီးခြင်းနှင့် တိုင်းရင်းဆေးဓာတ်စာ

စိတ်ဖိစီးမှုကြောင့် အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် လေငန်းလေဖြတ်စသောရောဂါကြီးများ ဖြစ်ပေါ်လာနိုင်သည်။ စိတ်ဖိစီးမှုကြောင့် စိတ်ပျံ့လွင့်ခြင်း၊ စိတ်တည်ငြိမ်မှုမရှိခြင်း၊ နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ အိမ်မပျော်ခြင်း စသောပတ်ဝန်းကျင်နှင့် လိုက်ရောညီထွေမဖြစ်သော လက္ခဏာများ ဖြစ်ပွားစေတတ်ပါသည်။

စိတ်ဖိစီးမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်
(၁) ဒန့်ကျွဲရွက်ကို ပြုတ်ပြီး ပါးပါးလှီး၊ ကြက်သွန်နီ၊ ပဲမှုန့်၊ ဆီချက်၊ ငံပြာရည်၊ သံပရာရည်ထည့်ပြီး သုပ်စားပါ။ ထိုသို့စားခြင်းဖြင့် သွေးတက်ခြင်း၊ အိပ်မပျော်ခြင်း၊ နားထဲမှ အသံစုံကြားရခြင်းတို့ကို သက်သာစေနိုင်သည်။
(၂) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်သင့်ရုံထည့်၊ ရောမွှေပြီးစားပါ။ ရဲယိုရွက်ကို ငါးနှင့် ငါးပေါင်းထုပ်လုပ်ပြီး ချက်စားခြင်း၊ တို့စရာအဖြစ်စားခြင်းနှင့် သုပ်စားခြင်းတို့ကို ပြုလုပ်ပေးပါက စိတ်ဖိစီးမှုသက်သာစေနိုင်သည်။
(၃) ဖီးကြမ်းငှက်ပျောသီးကိုတစ်နေ့တစ်လုံးစားပေးခြင်း၊ ငှက်ပျောသီးကို ပျားရည်ဖြင့် စိမ်ပြီး စားခြင်း၊ ဖျော်ရည်လုပ်သောက်ခြင်း၊ မီးကင်စားခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာစေနိုင်သည်။
(၄) မြင်းခွာရွက်ပÍ္စငါးပါးကို ရေစင်အောင်ဆေးပြီး အမှုန့်ပြုလုပ်ကာ ပျားရည်နှင့် ရော၍ သောက်သုံးခြင်း၊ နွားနို့ဖြင့် သောက်သုံးခြင်းအားဖြင့် စိတ်ဖိစီးမှု သက်သာစေပါသည်။

ပျော်ရွှင်စေမည့် နည်းလမ်း (၅) သွယ်

၁။ သင်ရဲ့ပျော်ရွှင်ချိန်တွေကို သတိရစေမယ့် သီချင်းများကို နားထောင်ပါ။
၂။ သင့်အတွေးကို ရေးမှတ်ထားပါ။
၃။ သင့်အတွက် သက်တောင့်သက်တာရှိမယ့်နေရာကို သွားပါ။
၎။ အသက်ပြင်းပြင်းရူပါ။
၅။ ၀ိုင်းဖွဲ့ စကားပြောပါ။

Wednesday, January 9, 2008

Why do stars twinkle?

The light of stars travels through the many layers of Earth's atmosphere before it reaches our eyes. Along the way, the light rays bump into lots of things and they are refracted or bent. The crooked path these light rays take makes it look to our eyes as if the stars are twinkling. If we looked at stars from outer space, where the light rays we see are not traveling through Earth's atmosphere, the stars would not twinkle.

ဘာကြောင့်ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ်လင်းသလဲ
ကြယ်လေးတွေရဲ့အလင်းရောင်သည် ကျွန်ုပ်တို့ရဲ့မျက်လုံးများဆီမရောက်မီ ကမ္ဘာ့အာကာသလေထု၏ အလွှာပေါင်းများစွာကို ဖြတ်သန်းလာခဲ့ကြရပါသည်။ ထိုသို့ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် အလင်းရောင်ခြည်တန်းများစွာသောအရာဝတ္ထုများထဲသို့ ၀င်ရောက်တိုက်မိ ဆောင့်မိသည်။ အဲဒီတော့ ၎င်းတို့၏ရောင်ခြည်သည် အလင်းယိုင်သွားသည်။ ထိုကောက်ကွေ့ ယိမ်းယိုင်သွားသော အလင်းတန်းများကို ကျွန်ုပ်တို့မျက်စိအမြင်တွင် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်ဟု ထင်ရခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သာ အာကာသဟင်းလင်းပြင်မှ ကြယ်များကိုကြည့်မည်ဆိုလျှင် အလင်းရောင်ခြည်တန်း များသည် ကမ္ဘာ့အာကာသလေထုကို ဖြတ်သန်းမသွား၍ အလင်းမယိုင်ခြင်းသောကြောင့် ကြယ်လေးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်မှာ မဟုတ်ပါ။

Why is the setting sun red?

The earth's atmosphere is like a pale red filter, and makes the light coming from space turn reddish. But an object which is very low in the sky has to shine through much more air than one high in the sky. This means that its light passes through more of this red filter, and its tint is deeper. This is the cause of the red evening sky.

ဘာကြောင့် နေ၀င်ချိန်ဟာ နီရဲနေတာလဲ၊
ကမ္ဘာ့အာကာသလေထုကြီးဟာ အနီရောင်ဖျော့ဖျော့ အရောင်စစ်မှန်ပြားတစ်ချပ်နဲ့ တူပါတယ်။ ထို့ကြောင့် အာကာသကလာတဲ့အရောင်တွေကို နီကြင်ကြင်အရောင်ကို ပြောင်းစေတယ်။ သို့ရာတွင် ကောင်းကင်ယံ သိပ်နိမ့်သောအောက်ပိုင်းတွင်ရှိသည့်အရာတစ်ခုဟာ ကောင်းကင်ယံအမြင့်ပိုင်းတွင်ရှိသောအရာတစ်ခုထက် ပိုမိုများပြားသော လေထုကို ဖြတ်သန်းပြီးမှ လင်းလက်တောက်ပရပါသည်။ ဆိုလိုတာက သူ့ရဲ့အလင်းရောင်သည် ထိုအနီရောင် အရောင်စစ်သောအရာကို ပိုမိုဖြတ်သန်းရသည်။ ထို့ကြောင့် သူ့ရဲ့အရောင်သည် ပိုမိုရင့်လာသည်။ ထို့ကြောင့် ဆည်းဆာချိန် ညနေကောင်းကင်ယံတွင် နီရဲနေရခြင်း ဖြစ်သည်။

Thursday, January 3, 2008

တောက်ပသောမျက်စိရအောင်

(၁) စားရမည့် အဟာရ
တစ်နေ့ကို လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် (၅)မျိုးစားပေးပါ။

(၂) နေကာမျက်မှန်
နေပူထဲရှိချိန်မှာ နေရောင်ခြည်ဒဏ်ကာကွယ်နိုင်အောင် ထိရောက်သော နေကာမျက်မှန်တပ်ဆင်ပါ။

(၃) အနားယူပါ
တီဗွီနှင့် ကွန်ပျူတာကို တနေ့လုံးကြည့်နေလား။ ၁၅မိနစ်ကြာတိုင်းမျက်စိကို အနားပေးပါ။ မျက်စိမှိတ်ပြီးအနားပေးပါ။ ဒါမှမဟုတ် စိမ်းစိမ်းစိုစိုရှုခင်းကို ကြည့်ပေးပါ။
(၄) ဆေးလိပ်ငွေ့ရှောင်ကြဉ်ပါ
ဆေးလိပ်ငွေ့ကပေးတဲ့ မျက်စိပြဿနာအများကြီးပါ။ သင့်မျက်စိကို သက်တမ်းစေ့သုံးချင်ရင်တော့ ဆေးလိပ်ငွေ့ရှောင်ပါ။
(၅) မျက်စိကို စစ်ဆေးပါ
လူတိုင်းသည် ၅နှစ်ကို အနည်းဆုံးတကြိမ် မျက်စိကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ မျက်စိနီတယ်၊ ကိုက်တယ်၊ မှုန်တယ်ဆိုရင် ဆရာဝန်ဆီချက်ချင်းသွားပြပါ။

Tuesday, January 1, 2008

ငွေမကုန်ဘဲ လှစေနိုင်သောနည်းလမ်းများ

ပြုံးပါ။
- အကြောဆန့်ပါ။
- လေ့ကျင့်ခန်းလုပ်ပါ။
- ရေသောက်ပါ။
- အနားယူပါ။
- အရာရာကို အကောင်းမြင်စိတ်နှင့် ဆောင်ရွက်ပါ။
- ရှောင်ကြဉ်သင့်သော အစားအသောက်ကို ရှောင်ပါ။
- အရာရာကို သင်ယူပါ။
- အောင်မြင်မှုများရလာသောအခါ ကိုယ့်ကိုကိုယ်ဆုပေးပါ။
ပြင်ပရုပ်သွင်ပြင်ဘယ်လောက်လှလှ အတွင်းစိတ်ကလှမှ ပြီးပြည့်စုံသောအလှရမှာမို့လို့ သူငယ်ချင်းတို့အားလုံးလည်း နှစ်သစ်မှာ စိတ်၊ ရုပ်နှစ်ခုစလုံးကိုလှပအောင် ပြင်ဆင်နိုင်ကြပါစေ။ နှစ်သစ်မှာ ပြီးပြည့်စုံသောအလှများနှင့် ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။