Wednesday, December 31, 2008

HAPPY NEW YEAR 2009!



နှစ်သစ်မှာ ဖြူစင်သူနဲ့အတူ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပြီ လိုအင်ဆန္ဒတလုံးတ၀ပြည့်စုံကြပါစေ






၂၀၀၉နှစ်သစ်မှာ ကျွန်မနှစ်သစ်လက်ဆောင်၂ မျိုးရတယ်။ သီချင်းရယ်၊ ရတနာလေးတွေရယ်။ သီချင်းတစ်ပုဒ်ကတော့ ဖွင့်လို့မရလို့မတင်ဖြစ်ဘူး။ ရတဲ့တစ်ပုဒ်ကို သူငယ်ချင်အားလုံးကို ဝေမျှတယ်နော်။

စွန့်မထားခဲ့ရက်ဘူး


အောင်မြင်မှုတွေပေးခဲ့တာလည်း မင်းပဲ
ပျော်ရွှင်မှုတွေပေးခဲ့တာလည်းမင်းပဲ
ခွဲခွာမှုတွေဖြစ်ပေါ်စေခဲ့တာလည်း မင်းပဲ
မထင်မှတ်ထားတဲ့ရင်ခုန်မှုတွေကို
ဖော်ဆောင်ပေးတာလည်း မင်းပဲလေ
အခုတော့မင်းကို ငါစွန့်လွှတ်ရတော့မယ်
မစွန့်လွှတ်ချင်ပေမယ့် စွန့်ထားခဲ့ရတော့မယ်ကွာ
နှုတ်ဆက်ခဲ့ပါတယ်
ချစ်စွာသော ၂၀၀၈ ရယ်။

Tuesday, December 23, 2008

ရင်ကွဲသူ




အကြင်နာမျက်ဝန်း မြင်နေရငြား
ဟန်ဆောင်သိုဝှက် အကြည့်တချက်
ရင်နာမိ၏
သီးသန့်မူပိုင် ဦးစားပေးငြား
တစ်ယောက်တည်းသာ မူပိုင်မရ
ရင်နာမိ၏
သ၀န်ကြောင်မှု ကြည်နူးမိငြား
စွပ်စွဲမှုများ ကြုံဖန်များက
ရင်နာမိ၏
အလျော့ပေးရင်း ပျော်ရွင်ခဲ့ငြား
အရှုံးများစွာ ပိုင်ဆိုင်လာ၍
ရင်နာမိ၏
သိပ်ချစ်ခဲ့ငြား မာနတစ်ခု
အပြိုင်ထားရင်း ဟန်ဆောင်ခဲ့၍
ရင်နာမိ၏