တစ်ဖက်သားကို မိမိဘက်သို့ပါအောင် ဆွဲဆောင်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းများမှာ-
၁။ ငြင်းခုံခြင်းကို ရှောင်ရှားပါ။
၂။ တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ ၊ လူတစ်ဦးတစ်ယောက်အား မှားသည်ဟု ဘယ်သောအခါမျှ မပြောလေနှင့် ။
၃။ အကယ်၍သင်သည် မှားခဲ့ပါလျှင် ထို့အမှားကို လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ၀န်ခံပါ။
၎။ ချိုချိုသာသာနှင့် စပါ။
၅။ တစ်ဖက်သား အလျင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
၆။ တစ်ဖက်သားကို သူပြောချင်တာ "၀"အောင်ပြောပါစေ။
၇။ တစ်ဖက်သားအားပေးအပ်သောအကြံသည် သူ၏အကြံ သာဖြစ်သည်ဟု အထင်ရောက်ပါစေ။
၈။တစ်ဖက်သားဘက်မှနေအရာ၍ခမ်းသိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနှင့် ကြိုးစားပါ။
၉။ တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ကိုယ်ချင်းစာတတ်ပါစေ။
၁၀။ မြင့်မြတ်သော စိတ်ဓာတ်ကို မထိခိုက်အောင် လုပ်ပေးပါ။
၁၁။ သင်၏ အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
၁၂။ သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။
ဒေးလ်ကာနက်ဂျီ
(ကျန်တဲ့သူငယ်ချင်းများသိစေရန် အတွက် -ရှမ်းမင်းမင်းလေး)
Friday, January 9, 2009
သင့်ဘက်ပါအောင် ဆွဲဆောင်နည်း (၁၂)နည်း
Labels: relations
Posted by phyusinthu at 10:01 AM 1 comments
Thursday, January 8, 2009
တောင်းဆု

ငါသိပါတယ်
မင်းဂရုစိုက်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုလျစ်လျူမရှုဖို့ ပြောပါရစေ
ငါသိပါတယ်
မင်းချစ်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမုန်းဖို့တော့ ပြောပါရစေ
ငါသိပါတယ်
မင်းသတိရတတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမေ့ဖို့တော့ ပြောပါရစေ
ငါသိပါတယ်
အရာရာတိုင်းဟာ ငါ့အတွက်ပါ
ဒါပေမယ့်
ငါအတွက်နင်ရှိနေပါလို့ ပြောပါရစေ
ငါသိပါတယ်
ငါ့စေတနာတွေ နင်မြင်နိင်မှန်း
ဒါပေမယ့်
ငါ့နှလုံးသားထဲကဝေဒနာတွေကို ကုစားပေးဖို့ ပြောပါရစေ
ငါသိပါတယ်
ငါ့တောင်းဆုတွေပြည့်နေမှန်း
ဒါပေမယ့်
တောင်းတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြောပါရစေ
ရေးသားသူ- အဖိုးကြီး
Labels: poem
Posted by phyusinthu at 3:03 PM 0 comments
Wednesday, December 31, 2008
၂၀၀၉နှစ်သစ်မှာ ကျွန်မနှစ်သစ်လက်ဆောင်၂ မျိုးရတယ်။ သီချင်းရယ်၊ ရတနာလေးတွေရယ်။ သီချင်းတစ်ပုဒ်ကတော့ ဖွင့်လို့မရလို့မတင်ဖြစ်ဘူး။ ရတဲ့တစ်ပုဒ်ကို သူငယ်ချင်အားလုံးကို ဝေမျှတယ်နော်။
Labels: gift
Posted by phyusinthu at 3:01 PM 0 comments
စွန့်မထားခဲ့ရက်ဘူး

အောင်မြင်မှုတွေပေးခဲ့တာလည်း မင်းပဲ
ပျော်ရွှင်မှုတွေပေးခဲ့တာလည်းမင်းပဲ
ခွဲခွာမှုတွေဖြစ်ပေါ်စေခဲ့တာလည်း မင်းပဲ
မထင်မှတ်ထားတဲ့ရင်ခုန်မှုတွေကို
ဖော်ဆောင်ပေးတာလည်း မင်းပဲလေ
အခုတော့မင်းကို ငါစွန့်လွှတ်ရတော့မယ်
မစွန့်လွှတ်ချင်ပေမယ့် စွန့်ထားခဲ့ရတော့မယ်ကွာ
နှုတ်ဆက်ခဲ့ပါတယ်
ချစ်စွာသော ၂၀၀၈ ရယ်။
Posted by phyusinthu at 2:49 PM 0 comments
Tuesday, December 23, 2008
ရင်ကွဲသူ

အကြင်နာမျက်ဝန်း မြင်နေရငြား
ဟန်ဆောင်သိုဝှက် အကြည့်တချက်
ရင်နာမိ၏
သီးသန့်မူပိုင် ဦးစားပေးငြား
တစ်ယောက်တည်းသာ မူပိုင်မရ
ရင်နာမိ၏
သ၀န်ကြောင်မှု ကြည်နူးမိငြား
စွပ်စွဲမှုများ ကြုံဖန်များက
ရင်နာမိ၏
အလျော့ပေးရင်း ပျော်ရွင်ခဲ့ငြား
အရှုံးများစွာ ပိုင်ဆိုင်လာ၍
ရင်နာမိ၏
သိပ်ချစ်ခဲ့ငြား မာနတစ်ခု
အပြိုင်ထားရင်း ဟန်ဆောင်ခဲ့၍
ရင်နာမိ၏
Labels: broken heart
Posted by phyusinthu at 10:11 AM 3 comments
Wednesday, November 19, 2008
ကွဲကြေနေတဲ့နုလုံးသား

မင်းရဲ့ဂရုစိုက်မှုကြောင့် ကြည်နူးနေတဲ့ငါ
တခြားတစ်ယောက်ကိုလည်း ဂရုစိုက်နေတယ်လို့
သိလိုက်ရတဲ့အခါ
နင့်ရဲ့စကားလုံးတွေအတွက် သိပ်ပျော်နေတဲ့ငါ
တခြားတစ်ယောက်ကိုလည်း ဒီအတိုင်းပြောတယ်လို့
သိလိုက်ရတဲ့အခါ
နင်ရင်ဖွင့်တာကိုနားထောင်ပြီး ဘ၀င်မြင့်နေတဲ့ငါ
တခြားတစ်ယောက်ကိုလည်း ရင်ဖွင့်တတ်တယ်လို့
သိလိုက်ရတဲ့အခါ
ငါဘယ်လိုခံစားရမလဲ......................
ဖြစ်နိုင်ရင် ငါ့ရင်ထဲကိုဝင်ကြည့်လိုက်ပါလား
Posted by phyusinthu at 1:31 PM 2 comments
