
ဆောင်းမနက်မှာဖွဲဖွဲကျလို့
နှင်းမိုးလို့သတ်မှတ်တာ
ငါမှားလား။
တဖွဲဖွဲကျနေတဲ့
နှင်းမိုးသံကို နားစွင့်ရင်းနင့်ကိုလွမ်းမိတာ
ငါမှားလား။
ငါနဲ့ထပ်တူတိုက်ဆိုင်တဲ့အလွမ်း
နင့်မှာမရှိဘူးလို့ ငါထင်မိတာ
ငါမှားလား
နင့်အတွက်အမှတ်တမဲ့ဖြစ်တဲ့
ငါတို့ရဲ့အမှတ်တရတွေကို သတိရမိနေတာ
ငါမှားလား။
ကြည်နူးဖို့ကောင်းတဲ့ ဆောင်းမနက်ခင်းမှာ
ကော်ဖီတခွက် ငါချစ်တဲ့နင်နဲ့
အတူတူရှိနေချင်တာ
ငါမှားလား။
Friday, January 8, 2010
ငါမှားလား
Labels: am i wrong, poem
Posted by phyusinthu at 3:52 PM 1 comments
Thursday, January 8, 2009
တောင်းဆု

ငါသိပါတယ်
မင်းဂရုစိုက်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုလျစ်လျူမရှုဖို့ ပြောပါရစေ
ငါသိပါတယ်
မင်းချစ်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမုန်းဖို့တော့ ပြောပါရစေ
ငါသိပါတယ်
မင်းသတိရတတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမေ့ဖို့တော့ ပြောပါရစေ
ငါသိပါတယ်
အရာရာတိုင်းဟာ ငါ့အတွက်ပါ
ဒါပေမယ့်
ငါအတွက်နင်ရှိနေပါလို့ ပြောပါရစေ
ငါသိပါတယ်
ငါ့စေတနာတွေ နင်မြင်နိင်မှန်း
ဒါပေမယ့်
ငါ့နှလုံးသားထဲကဝေဒနာတွေကို ကုစားပေးဖို့ ပြောပါရစေ
ငါသိပါတယ်
ငါ့တောင်းဆုတွေပြည့်နေမှန်း
ဒါပေမယ့်
တောင်းတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြောပါရစေ
ရေးသားသူ- အဖိုးကြီး
Labels: poem
Posted by phyusinthu at 3:03 PM 0 comments
Wednesday, December 31, 2008
စွန့်မထားခဲ့ရက်ဘူး

အောင်မြင်မှုတွေပေးခဲ့တာလည်း မင်းပဲ
ပျော်ရွှင်မှုတွေပေးခဲ့တာလည်းမင်းပဲ
ခွဲခွာမှုတွေဖြစ်ပေါ်စေခဲ့တာလည်း မင်းပဲ
မထင်မှတ်ထားတဲ့ရင်ခုန်မှုတွေကို
ဖော်ဆောင်ပေးတာလည်း မင်းပဲလေ
အခုတော့မင်းကို ငါစွန့်လွှတ်ရတော့မယ်
မစွန့်လွှတ်ချင်ပေမယ့် စွန့်ထားခဲ့ရတော့မယ်ကွာ
နှုတ်ဆက်ခဲ့ပါတယ်
ချစ်စွာသော ၂၀၀၈ ရယ်။
Posted by phyusinthu at 2:49 PM 0 comments
Friday, October 24, 2008
မင်းအတွက်ငါပါ

နင်ငါ့ကိုအမြဲမပေးနိုင်တဲ့ နင့်ရဲ့ဂရုစိုက်မှု
မပေးပါနဲ့လားကွာ နင့်ရဲ့ဂရုစိုက်မှုကို
အမြဲလိုချင်နေတဲ့ငါ့ကို နင်ဂရုမစိုက်ချင်တဲ့အခါ
နင်စိတ်ရှုပ်မှာစိုးလို့ပါ
ငါ့ကိုသိပ်လိမ်မာမပြပါနဲ့လား
နင်လိမ်တတ်လာတဲ့အခါ
နင်စိတ်ညစ်ရမှာစိုးလို့ပါ။
နင်ငါ့ကိုသိပ်နားလည်မပေးပါနဲ့လား
နင်ငါ့ကိုနားမလည်နိုင်တဲ့အခါ
နင်စိတ်ညစ်မှာစိုးလို့ပါ။
နင်ငါ့ကိုစကားတွေနဲ့မဖျားယောင်းပါနဲ့လား
ငါ့နှုလုံးသားတံခါးဖွင့်မပေးနိုင်တဲ့အခါ
နင်ခံစားရမှာစိုးလို့ပါ။
Labels: poem
Posted by phyusinthu at 12:39 PM 1 comments
Thursday, October 23, 2008
ပုစ္ဆာဆန်သော နှလုံးသား

မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။
လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ
အချိုမြိန်ဆုံးပဲ။
မင်းနဲ့ဆုံတွေ့ချိန်ဟာ
ရင်အခုန်ဆုံးပဲ။ ။
Labels: poem
Posted by phyusinthu at 4:07 PM 2 comments
သိနေတဲ့အဖြေ

မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်
မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်
မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်
မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်
မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်
အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့
Posted by phyusinthu at 3:55 PM 1 comments
Friday, October 17, 2008
အားပြိုင်သောအခါ

မင်းရဲ့မာနနဲ့ ငါ့ရဲ့သိက္ခာ
အားပြိုင်သောအခါ........................
ငါ့ရဲ့သ၀န်တိုမှုနဲ့ မင်းရဲ့အရွဲ့တိုက်မှု
အားပြိုင်သောအခါ.......................
ငါ့ရဲ့အနိုင်ယူလိုမှုနဲ့ မင်းရဲ့အလျော့မပေးတတ်မှု
အားပြိုင်သောအခါ......................
ငါလိုချင်တဲ့ဂရုစိုက်မှုနဲ့ မင်းရဲ့ဥပက္ခာ
အားပြိုင်သောအခါ......................
မင်းကိုချစ်တဲ့ငါ့နှလုံးသားနဲ့ငါ့ဦးနှောက်အသိ
အားပြိုင်သောအခါ......................
ခံစားရေးဖွဲ့သူ- ရောင်စဉ်
Posted by phyusinthu at 1:10 PM 2 comments
Friday, March 7, 2008
နှလုံးလှမြန်မာ
သူ့ခြံမြေထွက်၊ ပန်းတစ်ခက်ကို
တပ်မက်ယစ်မူး၊ တို့မခူးချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ပန်းများပွင့်အောင်၊ တို့ပျိုးထောင်အံ့။
သူ့ပိုင်မြေထွက်၊ ရေတစ်စက်ကို
တပ်မက်စိတ်ပေါက်၊ တို့မသောက်ချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ရေများရအောင်၊ တို့စွမ်းဆောင်အံ့။
သူ့လယ်မြေဖွား၊ ဆန်စပါးကို
လှည့်စားငြိုငြင် မလိုချင်ပါ
ကိုယ်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
စပါးထွက်အောင်၊ တို့စွမ်းဆောင်အံ့။
သူ့ပိုင်မြေတွင်၊ တို့ကျော်နင်း၍
သားချင်းတစ်စုံ၊ ချစ်ကြည်မှုကို
မလိုတမာ၊ အဘိဇ္ဈာဖြင့်
လော်မာသမှု၊ တို့မပြုပါ
နှစ်ဖြာရည်တူ၊ ရိုင်းပင်းကူလျှက်
ကြည်ဖြူမျှတ၊ ခံစားကြလျက်
ချမ်းမြသာယာ၊ ဤလူ့ရွာကို
ညီညာစွမ်းပြ အလှဆင်။
လူအားလုံးကို တို့ချစ်ခင်။
မြန်မာစိတ်ရင်း ဖွေးဖြူစင်၏။ ။
ယဉ်ယဉ်မင်းထိုက်
အသစ်တွေမတင်နိုင်သေးလို့ အရင်အဟောင်းလေးပဲ ပြန်တင်ပေးလိုက်ပါတယ်။ လာလည်သူများအားလုံးကို အသစ်မတင်နိုင်သေးလို့အရမ်းအားနာပါတယ်။ အသစ်ရေးနိုင်အောင် ကြိုးစားပါ့မယ်။
Labels: poem
Posted by phyusinthu at 12:47 PM 0 comments
Friday, February 1, 2008
တစ်ယောက်သောသူ
ရွှန်းလဲ့လွန်းတဲ့ မင်းမျက်ဝန်းနဲ့
မာယာကင်းသော စကားလေးက
ရင်ကိုထိခဲ့
ကြည်လင်ရှင်းသန့် အပြစ်ကင်းတဲ့
ပါးချိုင့်လေးရဲ့ အပြုံးတစ်ချက်
ငါသေလောက်ရဲ့
ကြင်နာတတ်သော မင်းအကြည့်ရယ်
ကူညီတတ်တဲ့ မင်းရဲ့သွင်ပြင်
ကိုယ်ရင်ထဲမှာ စွဲထင်နေတာ
မင်းသိရဲ့လား
တစ်ယောက်သောသူအတွက် ရောင်စဉ်ခံစားရေးဖွဲ့သည်။
Wednesday, December 19, 2007
ခေါင်းစဉ်မရှိတဲ့ကဗျာ
အိမ်မက်တစ်ခု သာယာယစ်မူး
သူမသိဘူး သူသိအောင်လည်း
မကြိုးစားချင် မာနရှင်လေး
ကျွန်မဖြစ်အင်
သူမသိတဲ့ အချစ်တစ်ခု
အနက်ရှိုင်းဆုံး ရင်ဘတ်ထဲမှာ
သိမ်းထားခဲ့တာ သူမသိပါ။
၂၀၀၆ ခုနှစ် မတ်လ(၅)ရက်နေ့တွင် ခံစားရေးဖွဲ့ထားသော ကဗျာဖြစ်ပါသည်။
Labels: poem
Posted by phyusinthu at 10:04 AM 0 comments
Monday, December 17, 2007
နှလုံးလှမြန်မာ
သူ့ခြံမြေထွက်၊ ပန်းတစ်ခက်ကို
တပ်မက်ယစ်မူး၊ တို့မခူးချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ပန်းများပွင့်အောင်၊ တို့ပျိုးထောင်အံ့။
သူ့ပိုင်မြေထွက်၊ ရေတစ်စက်ကို
တပ်မက်စိတ်ပေါက်၊ တို့မသောက်ချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ရေများရအောင်၊ တို့စွမ်းဆောင်အံ့။
သူ့လယ်မြေဖွား၊ ဆန်စပါးကို
လှည့်စားငြိုငြင် မလိုချင်ပါ
ကိုယ်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
စပါးထွက်အောင်၊ တို့စွမ်းဆောင်အံ့။
သူ့ပိုင်မြေတွင်၊ တို့ကျော်နင်း၍
သားချင်းတစ်စုံ၊ ချစ်ကြည်မှုကို
မလိုတမာ၊ အဘိဇ္ဈာဖြင့်
လော်မာသမှု၊ တို့မပြုပါ
နှစ်ဖြာရည်တူ၊ ရိုင်းပင်းကူလျှက်
ကြည်ဖြူမျှတ၊ ခံစားကြလျက်
ချမ်းမြသာယာ၊ ဤလူ့ရွာကို
ညီညာစွမ်းပြ အလှဆင်။
လူအားလုံးကို တို့ချစ်ခင်။
မြန်မာစိတ်ရင်း ဖွေးဖြူစင်၏။ ။
ယဉ်ယဉ်မင်းထိုက်
Labels: poem
Posted by phyusinthu at 2:10 PM 0 comments
Thursday, December 13, 2007
အတ္တ
ကိုယ်သာလျှင်
မင်းရဲ့အကြည့်
မင်းရဲ့အသံ
မင်းရဲ့ဟန်
မင်းရဲ့မူပိုင်ဖြစ်ချင်ပေမယ့်
ကိုယ့်ရဲ့နားမှာမင်းမရှိလည်း
မင်းရဲ့အနားမှာတော့
ကိုယ်ကလွဲလို့
ဘယ်သူမှ မရှိစေချင်ပါ
ချစ်သူ
Labels: poem
Posted by phyusinthu at 1:47 PM 0 comments