Showing posts with label valentine. Show all posts
Showing posts with label valentine. Show all posts

Monday, February 15, 2010

ပျော်ခဲ့ဖူးတဲ့ဖေဖော်ဝါရီ ၁၄



အတူတူဖူးချင်တဲ့ ဘုရားတွေ
စိတ်ထဲမှာကြိတ်ရွေးနေခဲ့တာ
အကြိမ်ပေါင်းများစွာ

အသစ်ဖွင့်တဲ့ J'donut ဆိုင်မှာ
မဲနှိုက်ရင်း ပျော်ဖူးချင်တဲ့
ကလေးဆန်ဆန်အတွေး

ထိုင်နေကျ ကန်ဘောင်ခုံတန်းလေးမှာ
ပုခုံးပေါ်မှီရင်း ချွဲချွဲနွဲ့နွဲ့ပြောချင်တဲ့
မာယာမဲ့စကား

ဈေးကြီးကြီးကော်ဖီတစ်ခွက်ထက်
နင်ဖျော်ပေးတဲ့ ကော်ဖီကိုပဲသောက်မယ်ဆိုတဲ့
တဇွတ်ထိုးဆန္ဒ

ငါ့ရဲ့မွေးနေ့ဆုတောင်း
နင်မေ့နေပေမယ့် အမှတ်တမဲ့ကြားပြီး
ကြည်နူးသွားတဲ့နင့်အပြုံးကို ငေးကြည့်ချင်တဲ့
ခပ်ကြောင်ကြောင်အတွေး

ဘယ်သီချင်းဘယ်လောက်ကောင်းကောင်း
နင်ဖန်တီးပေးထားတဲ့ သီချင်းတစ်ပုဒ်ကို
အတူတူနားထောင်ချင်တဲ့
ရူးမိုက်တဲ့စိတ်ကူးတွေနဲ့
နင်ရယ်ငါရယ် ဖေဖော်ဝါရီ ၁၄ ရယ်လို့
စိတ်ကူးနဲ့ရူး ပျော်ခဲ့ဖူးတယ်။

Saturday, February 14, 2009

စက်ရုပ်နှင့် ဖေဖော်ဝါရီ ၁၄


သူငယ်ချင်းတစ်ယောက်ကပြောတယ်
ငါက စက်ရုပ်တစ်ရုပ်တဲ့
မဟုတ်ဘူးလို့သက်သေပြဖို့ ငါကြိုးစားခဲ့တယ်
မှတ်မှတ်ရရဖြစ်အောင် ဖေဖော်ဝါရီ၁၄ ရက်နေ့မှာ
လူတစ်ယောက်ကိုအဖြေပေးမယ်လို့စိတ်ကူးနဲ့ပေါ့
ဒါပေမယ့်..............
ငါမအောင်မြင်ခဲ့ဘူး
သူ့မျက်နှာကိုငါကြည့်ရင်း
.........ဆိုတဲ့ စကားလုံး၂ လုံးတည်းကို
ပြောဖို့အတွက် ငါ့နှုတ်ခမ်းတွေက ပွင့်မလာခဲ့ဘူး
စိတ်ထဲမှာလည်း ဗလာဗလာဗလာ
နောက်ဆုံးတော့ ငါသူ့ကိုပြောဖြစ်ခဲ့တာက
ကော်ဖီတိုက်တာကျေးဇူးပါပဲနော်တဲ့လေ................
သူလိုချင်တဲအဖြေမဟုတ်လို့ စိတ်ပျက်သွားတဲ့သူ့ကို
အားနာပါတယ်လေ
သူဆက်မေးတဲ့အခါ ကျွန်မပြန်ပြောမိတာက
တောင်းပန်ပါတယ် ကျွန်မစက်ရုပ်တစ်ရုပ်ဖြစ်နေပြီထင်တယ်
သူကြောင်ပြီး ကျန်နေခဲ့တယ်