ဖြူစင်သူ ပို့စ်အသစ်တွေမတင်နိုင်တာတော်တော်တောင်ကြာခဲ့ပါပြီ။ မပြီးဆုံးနိုင်သေးတဲ့ အလုပ်တွေကို လုပ်နေရလို့ပါ။ အခုတော့ပြီးသွားပြီဆိုတော့ နောက်ဆိုအမြဲရေးဖြစ်တော့မှာပါ။ ပို့စ်အသစ်မတင်ခင် လာလည်တဲ့သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေကို အရမ်းအားနာပါတယ်နော်။ အခုလည်း ဖြူစင်သူဖတ်ရတဲ့ စာရေးဆရာလှသမိန်ရေးတဲ့ စေ့စေ့တွေးသော်ထဲက ဖြူစင်သူ ကြိုက်တာလေးတွေကို အားလုံးကို ဝေငှလိုက်တယ်နော်။
မိမိအပြစ်ကို ထောက်ပြသောစကား၊ အပြစ်တင်သောစကား၊ မိမိကို ကဲ့ရဲ့သောစကားကို မကြားလိုကြပေ။ မိမိကောင်းကြောင်းချီးမွမ်းသည်ကိုသာ သာယာမိတတ်ကြသည်။ သို့သော် ချီးမွမ်းတပည့်၊ ကဲ့ရဲ့ဆရာ ဟူသောစကားရှိသည်။ မိမိကိုယ်တိုင်သတိမပြုမိသော ပြုပြင်စရာများကို တစ်ပါးသူက ပွင့်ပွင့်လင်းလင်း ပြောပြမှ သိနိုင်သည်များရှိသည်။ ထို့ကြောင့်ဆေးခါးကြီးကို မျက်စိမှိတ်ပြီး ၀ါးမျိုရသကဲ့သို့ မိမိအား ထောက်ပြဝေဖန်မှုတို့ကိုလည်း ကြိတ်မှိတ်ခံယူကြည့်ရမည်။ ထောက်ပြသူမှားချင်မှားမည်။ သို့သော် သူမှန်နေလျှင် ကျေးဇူးတင်စွာဖြင့် လက်ခံနိုင်စွမ်းရှိရမည်။ ဤသတ္တိကို မွေးနိုင်ပါမှ အောင်မြင်သူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။ ဖြူစင်သူတော့ ယခုလို သတ္တိကို မွေးမြူကြည့်နေတာပဲ။ ဒါပေမယ့် တခါတလေ ဆေးခါးကို ကြိုးစားပြီး သောက်ပေမယ့် ပြန်အန်ထွက်တဲ့အခါရှိတယ်။ မိတ်ဆွေတို့လည်း ဆေးခါးကို ကြိုးစားပြီးသောက်ပါလို့အကြံပေးပါရစေ။ ပြန်အန်ထွက်ရင်လည်း ဆက်သောက်ပါ။ သောက်တာကြာရင် ပြန်အန်ထွက်မှာမဟုတ်တော့ဘူးလို့ထင်တာပဲနော်။
Showing posts with label condem. Show all posts
Showing posts with label condem. Show all posts
Wednesday, April 2, 2008
Labels: condem, friend, praise
Posted by phyusinthu at 9:56 AM 0 comments
Subscribe to:
Posts (Atom)