Wednesday, April 2, 2008

ဖြူစင်သူတို့လူသားတွေဟာ နေ့စဉ်အသက်ရှင်နေထိုင်နေရာမှာ လူပေါင်းများစွာနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရတာပဲလေ။ ကိုယ့်အပေါ် အမြဲကောင်းတဲ့လူတွေရှိသလို၊ တခါတလေမှ ကောင်းတဲ့သူ၊ တခါမှမကောင်းဘူးတဲ့သူ၊ မကောင်းတဲ့အပြင် ကိုယ့်ကို ချောက်တွန်းတဲ့သူတွေနဲ့လည်း တွေ့နိုင်ပါတယ်။ ကြည်လင်ငြိမ်သက်တဲ့ရေပြင်ကို ဂယက်ထအောင် ကျောက်ခဲနဲ့ ပစ်ပေါက်သူများ လောကမှာ ရှိတတ်ကြပါတယ်။ ဘောင်ဘင်ခတ်အောင် လှုပ်ခတ်မွှေနှောက်သူများလည်း ရှိတတ်ပါတယ်။ ထိုကဲ့သို့ နှောင့်ယှက်သူမျိုးကို လွတ်အောင်ရှောင်ရပေမည်။ သူ့အကျိုးအတွက်ဖြစ်စေ၊ သူ့အကျိုးမရှိဘဲဖြစ်စေ၊ ပြုလုပ်တတ်သူမျိုးကို သတိနှင့်ရှောင်ကွင်းနိုင်ပါမှ ကိုယ့်ဘ၀အတွက် အဆင်ပြေမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့ လှုပ်ရှားမွေနှောက်သူများအောင်မြင်မှုမရအောင်၊ မိမိအသည်းနှလုံးထဲကို ၀င်ရောက်နိုင်စွမ်း မရှိရအောင် ကြိုတင်တားဆီးရန်လိုအပ်ပါသည်။ ဖြူစင်သူတော့ ဒီလိုမျိုးကြုံဖူးတယ်။ အရမ်းလည်းအံ့သြတယ်။ တခါတလေ ကိုယ်က ဘာမှတောင်မသိဘဲနဲ့ချောက်တွန်းခံရတာတွေလည်း အများကြီးကြုံဖူးတယ်။ ဒါပေမယ့် အချိန်တန်တော့ သူဘာသာသူအဆင်ပြေသွားတာပဲလေ။ ကိုယ်ပြုသောဒဏ်ကိုယ်ခံဆိုသလိုပဲလေ သူတို့အပြစ် သူတို့ခံသွားရတာပဲ။ အဖြစ်မှန်ကို မသိခင်မှာတော့ ကိုယ်က လှိမ့်ပိန့်ပြီးတော့ခံစားရတာပေါ့။ လက်ရှိ ချောက်တွန်းတာခံနေရတဲ့မိတ်ဆွေတွေရှိရင်လည်း ဘာမှမပူပါနဲ့၊ စေတနာပဲထားပါ၊ တနေ့နေ့မှာမလွဲမသွေ အဆင်ပြေလာမှာပါ။ ကဲ--မိတ်ဆွေတွေလည်း မိတ်ဆွေတို့ရဲ့စိတ်ကို လှုပ်ခတ်မွှေနှောက်သူများနဲ့ ကင်းလွတ်ပြီး မိတ်ဆွေတို့အပေါ် အမြဲကောင်းတဲ့ လူတွေနဲ့ပဲတွေဆုံကြပါစေလို့ ဆုတောင်းပေးတယ်နော်။

3 comments:

Anonymous said...

မဖြူစင် က ဒီဇင်ဘာလမှာမွေးတာလား .....
ဇန်န၀ါရီလမှာမွေးတာလား

Anonymous said...

အမှန်ပါပဲ..စိတ်ထားကောင်းရင် ကံကောင်းပါတယ်...ဒါကိုတော့ယုံကြည်ပါတယ်...ကိုယ်တိုင်းလည်း
ခဏခဏကြုံဖူးသလို ပတ်ဝန်းကျင်မှာလည်း မြင်တွေ့နေရတယ်လေ...

စိုးထက် - Soe Htet ! said...

ကျွန်တော် လည်း ကြိုးစား မွေးမြူ နေတယ် ... တစ်ခါတစ်ခါ လွတ် တတ်လို့ ထိန်းနေရတယ် :P