Tuesday, December 23, 2008

ရင်ကွဲသူ




အကြင်နာမျက်ဝန်း မြင်နေရငြား
ဟန်ဆောင်သိုဝှက် အကြည့်တချက်
ရင်နာမိ၏
သီးသန့်မူပိုင် ဦးစားပေးငြား
တစ်ယောက်တည်းသာ မူပိုင်မရ
ရင်နာမိ၏
သ၀န်ကြောင်မှု ကြည်နူးမိငြား
စွပ်စွဲမှုများ ကြုံဖန်များက
ရင်နာမိ၏
အလျော့ပေးရင်း ပျော်ရွင်ခဲ့ငြား
အရှုံးများစွာ ပိုင်ဆိုင်လာ၍
ရင်နာမိ၏
သိပ်ချစ်ခဲ့ငြား မာနတစ်ခု
အပြိုင်ထားရင်း ဟန်ဆောင်ခဲ့၍
ရင်နာမိ၏

3 comments:

cherrypanpwint said...

လက်တွေ့မှာသာ မူပိုင်မရတာပါဟယ်။ ကိုယ့်အတွေးထဲမှာ ဆိုရင် အရာတမ်းဟာ မူပိုင်ပါပဲနော်။ ဟုတ်တယ်မို့လား.........

Unknown said...

လူတိုင်းကိုချစ်တဲ့သူကို မူပိုင်ရချင်ကြတာပါပဲ။ ဒါပေမဲ့ ခွင့်မပြုတော့လည်း စွန့်လွတ်ရုံပဲရှိတော့တာပေါ့။ မဟုတ်ဘူးလား

Unknown said...

သူငယ်ချင်းရေ

စမ်းသပ်ချင်တဲ့ သူတွေအတွက် ကိုယ့်မာနက စည်းတစ်ခုတော့ဖြစ်ချင်ဖြစ်နေမမယ်...

ဒါပေမယ့်..
ယောင်္ကျားကောင်းတစယောက်အတွက်ကတော့ ကိုယ့်ဘာနကို တန်ဖိုးထားတတ်ပါလိမ့်မယ်