အကြင်နာမျက်ဝန်း မြင်နေရငြား
ဟန်ဆောင်သိုဝှက် အကြည့်တချက်
ရင်နာမိ၏
သီးသန့်မူပိုင် ဦးစားပေးငြား
တစ်ယောက်တည်းသာ မူပိုင်မရ
ရင်နာမိ၏
သ၀န်ကြောင်မှု ကြည်နူးမိငြား
စွပ်စွဲမှုများ ကြုံဖန်များက
ရင်နာမိ၏
အလျော့ပေးရင်း ပျော်ရွင်ခဲ့ငြား
အရှုံးများစွာ ပိုင်ဆိုင်လာ၍
ရင်နာမိ၏
သိပ်ချစ်ခဲ့ငြား မာနတစ်ခု
အပြိုင်ထားရင်း ဟန်ဆောင်ခဲ့၍
ရင်နာမိ၏
Tuesday, December 23, 2008
ရင်ကွဲသူ
Labels: broken heart
Posted by phyusinthu at 10:11 AM
Subscribe to:
Post Comments (Atom)
3 comments:
လက်တွေ့မှာသာ မူပိုင်မရတာပါဟယ်။ ကိုယ့်အတွေးထဲမှာ ဆိုရင် အရာတမ်းဟာ မူပိုင်ပါပဲနော်။ ဟုတ်တယ်မို့လား.........
လူတိုင်းကိုချစ်တဲ့သူကို မူပိုင်ရချင်ကြတာပါပဲ။ ဒါပေမဲ့ ခွင့်မပြုတော့လည်း စွန့်လွတ်ရုံပဲရှိတော့တာပေါ့။ မဟုတ်ဘူးလား
သူငယ်ချင်းရေ
စမ်းသပ်ချင်တဲ့ သူတွေအတွက် ကိုယ့်မာနက စည်းတစ်ခုတော့ဖြစ်ချင်ဖြစ်နေမမယ်...
ဒါပေမယ့်..
ယောင်္ကျားကောင်းတစယောက်အတွက်ကတော့ ကိုယ့်ဘာနကို တန်ဖိုးထားတတ်ပါလိမ့်မယ်
Post a Comment