Friday, November 30, 2007

ရေဘယ်လောက်သောက်သင့်သလဲ

လူအများစုနေ့စဉ်သောက်သုံးနေသောအချိုရည်၊ သစ်သီးဖျော်ရည်၊ နို့၊ ကော်ဖီ၊ လက်ဖက်ရည်တို့တွင် ရေဓာတ် ပါဝင်သော်လည်း အချို့တွင် ကဖင်းဓာတ်များ ပါဝင်နေသည်။ ကဖင်းဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ ရေကို ဖယ်ထုတ်သည်။ လူခန္ဓာကိုယ်တွင် ရေဓာတ်သည် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ကိုယ်လက် လှုပ်ရှားမှုများသောလူများနှင့် ကဖင်းဓာတ်ပါသော အစားအသောက်များ စားသုံးမှုများသော လူများသည် ရေကို ပိုမိုသောက်သုံးသင့်သည်။ တနေ့လျှင် ရေ (၈) ခွက် ( သို့မဟုတ်) (၂) လီတာခန့် သောက်သုံးသင့်သည်ဟု လူအများက လက်ခံယုံကြည်ကြသည်။ ကျွမ်းကျင်သူများက ရေကို သောက်နိုင်သလောက် များများ သောက်သုံးလျှင် အကောင်းဆုံးပင်ဖြစ်သည်ဟု ပြောကြားကြသည်။ အမျိုးသမီးများသည် နေ့စဉ်ရေ (၂.၇) လီတာခန့်နှင့် အမျိုးသားများသည် (၃.၇) လီတာခန့် သောက်သုံးသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုပြောကြားသည်။ ထို့ကြောင့်--- မိတ်ဆွေတို့အနေနဲ့ ရေကို ဘယ်လောက်သောက်သင့်တယ်ဆိုတာ ကိုယ်တိုင်ချင့်ချိန်သုံးသပ်သောက်သုံးကြပါ။

1 comment:

Hnin said...

Hello,
How much do we have to drink, pls tell me ?
ma.