ထိုအချက်သည် လူ့အဖွဲ့အစည်းအတွင်းနေထိုင်သူများအနေဖြင့် အထူးသတိထားရမည့်အချက်ဖြစ်သည်။ မည်သည့်အနေအထားတွင်မဆိုလွန်ကဲမှုဖြစ်လျှင် ထိခိုက်မှုများ ရှိနိုင်သည်။ ယခုဖြစ်ပွားနေသောစစ်ပွဲများနှင့် ဖြစ်ပြီးသောစစ်ပွဲများသည် လူတို့၏အစွန်းရောက်သောအမြင်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်အခြေအနေတွင်မဆို အစွန်းမရောက်ဘဲ အလယ်အလတ်အမြင်(မျှတသောအမြင်)ဖြင့် လောကကြီးငြိမ်းချမ်းအောင်ဆောင်ရွက်ကြပါစို့။ မည်သည့်အခြေအနေတွင်မဆို ရေလိုလူဖြစ်အောင် နေထိုင်ပြီး ကျောက်တုံးလိုလူမဖြစ်အောင် ကြိုးစားနေထိုင်ကြပါစို့။ ကျွန်ုပ်တို့၏မြတ်စွာဘုရားပင်လျှင် အလယ်အလတ်လမ်းစဉ်ကို သာကျင့်သုံးပြီး တုနှိုင်းမရှိသောမြတ်စွာ ဘုရားအဖြစ်သို့ရောက်တော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တုနှိုင်းမရှိသောမြတ်စွာဘုရားသည် နှိုင်းနှိုင်းချိန်ချိန် ကြံဆပြီး အစွန်းမရောက်ရန် အစဉ်ဟောကြာတော်မူပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် လောကီလောကုတရာနှစ်ဖြာ အောင်မြင်ရန်အတွက် အစစအရာရာ မျှမျှတတရှိအောင်ကြိုးစားဆောင်ရွက်သင့်သည်။ မည်သည့်အရာကိုမျှ တရားလွန်စွဲလမ်းမှုမရှိသင့်ကြောင်း၊ တရားလွန်စွဲလမ်းခြင်းဖြင့် မိမိကိုယ်ကိုသာ ထိခိုက်နိုင်ကြောင်း ကျွန်ုပ်၏ဆရာမတစ်ဦးက ဆုံးမသည်။ သငိုသည်လည်း လောကတွင် အစွန်းမရောက်ဘဲ မျှတသောအတွေးများနှင့် သင့်ဘ၀အောင်မြင်မှုများအတွက် လျှောက်လှမ်းနိုင်ကြပါစေ။
Thursday, November 29, 2007
Subscribe to:
Post Comments (Atom)
Falling hearts Here
No comments:
Post a Comment