Friday, January 8, 2010

ကော်ဖီတမ်းချင်း




အရမ်းချစ်ရတဲ့ကောင်လေးရေ
နင့်အချစ်တွေကို ကော်ဖီတစ်ခွက်နဲ့ တင်စားမယ်ဆို
ငါကတော့ကော်ဖီကိုစွဲလမ်းတဲ့ကောင်မလေးပေါ့
နွေးထွေးတဲ့ကော်ဖီကို ငါနှစ်သက်တယ်
ချိုမြိန်ခါးသက်တဲ့ခံစားမှုတွေကို ငါခုံမင်တယ်
တချိန်ကနင့်အချစ်တွေက ငါ့ရင်ကိုနွေးထွေးစေခဲ့တာကိုး
အချိန်တိုက်စားလို့ အေးစက်လာတဲ့အခါ
ချိုမြိန်တဲ့သာယာမှုတွေကွယ်ပျောက်လို့
အေးစက်တဲ့ခါးသက်မှုတွေကြောင့် တုန်လှုပ်မိလည်း
မစွန့်လွှတ်နိုင်သရွှေ့တော့
အေးစက်တဲ့နင့်အချစ်တွေကို နွေးထွေးတဲ့ငါ့အချစ်နဲ့
ရောစပ်လို့ ခါးသက်သက်ကော်ဖီကို
စွဲလမ်းလို့နေဦးမယ်။

2 comments:

Thi Ha Yi Chun (a)constantine said...

အားပေးသွားပါတယ်...အမရေ.....

Unknown said...

ပြန်မျှဝေချင်လို့  ကော်ပီနဲ့ ယူသွားပါတယ်အမ..ကျေးဇူးတင်ပါတယ်