Friday, January 8, 2010

သန်းခေါင်ယံလွမ်းချင်း



အေးမြတဲ့အထိအတွေ့သဲ့သဲ့လေး
ပါးပြင်ထက်မှာ ယှက်ပြေးသွားတယ်
အလိုလိုလှစ်ဟသွားတဲ့ အသိတရားနောက်မှာ
နင့်ကိုလွမ်းဆွတ်မှုလည်း ကပ်ပါလာလေရဲ့။
မိုးစက်လား နှင်းစက်လားလို့ သေချာမသိလည်း
စည်းချက်မှန်မှန်ကျဆင်းသံလေးတွေကြားမှာ
ပျော်မိတာတော့အမှန်ပါ။
ပေါ့ပျက်တဲ့စကားလုံးကြား တွေဝေခဲ့လည်း
သံသယပေါင်းများစွာနဲ့ နင့်အချစ်ပေါ်
ယစ်မူးနေခဲ့မိတာလည်း အသေအချာ။

2 comments:

နွေဆူးလင်္ကာ said...

ဟုတ်ပ ညသန်းခေါင် လွမ်းရင် အိပ်မရတော့ဘူး။

juujuu said...

ပေါ့ပျက်တဲ့စကားလုံးကြား တွေဝေခဲ့လည်း
သံသယပေါင်းများစွာနဲ့နင့်အချစ်ပေါ်
ယစ်မူးနေခဲ့မိတာလည်း အသေအချာ။ အဲ့ဒါလေးကိုကြိုက်တယ်။………….တကယ်ချစ်မိခဲ့သွားပြီပဲ သူငယ်ချင်းရယ်. ပေါ့ပျက်ပျက်စကားတွေကိုလည်း အလေးအနက်ထားရတော့မှာပေါ့။။။