
နင့်အတွက်ငါက ပျော်ရွှင်မှုအတိ ပေးချင်သူ
ငါ့အတွက်နင်က ချိုမြိန်ဒုက္ခတွေပဲ ပေးတတ်သူ
နင့်အတွက်ငါက စပ်စုမှုတွေအပြည့်နဲ့မိန်းကလေး
ငါ့အတွက်နင်ကတော့ လျစ်လျူရှုချင်ယောင်ဆောင်သူ
နင့်အတွက်ငါက ဟန်ဆောင်မှုမှန်သမျှ ခ၀ါချသူ
ငါအတွက်နင်က အသေးအဖွားကအစ ဟန်ဆောင်တတ်သူ
ဒီလိုနဲ့ တဖြည်းဖြည်းငါသိလိုက်ရတာက
ငါ့အတွက်နင်က ပိုင်ဆိုင်ခါနီးမှ လွတ်ကျသွားတဲ့
အရုပ်တစ်ရုပ်တဲ့လေ
ဒါပေမယ့် ငါကတော့ အဲ့ဒီ့အရုပ်ကို
ဘယ်လိုပြန်ကောက်ရလဲလို့
တွေးနေတဲ့သူတစ်ယောက်လေ။
Tuesday, November 11, 2008
ဦးနှောက်မရှိတဲ့ငါ
Subscribe to:
Post Comments (Atom)
Falling hearts Here
2 comments:
သူငယ်ချင်းရယ် နင်အဲဒီအရုပ်ကို ပြန်ကောက်ဖို့စဉ်းစားရင် နင်ပင်ပန်းမှာပေါ့
သူငယ်ချင်းရယ်...
အရုပ်ဆိုင်မှာ အသစ်ဝယ်လိုက်ပါ... သူ့ထက်လှတာ တွေ့ပါလိမ့်မယ်
Post a Comment