Friday, October 24, 2008

မင်းအတွက်ငါပါ


နင်ငါ့ကိုအမြဲမပေးနိုင်တဲ့ နင့်ရဲ့ဂရုစိုက်မှု
မပေးပါနဲ့လားကွာ နင့်ရဲ့ဂရုစိုက်မှုကို
အမြဲလိုချင်နေတဲ့ငါ့ကို နင်ဂရုမစိုက်ချင်တဲ့အခါ
နင်စိတ်ရှုပ်မှာစိုးလို့ပါ

ငါ့ကိုသိပ်လိမ်မာမပြပါနဲ့လား
နင်လိမ်တတ်လာတဲ့အခါ
နင်စိတ်ညစ်ရမှာစိုးလို့ပါ။

နင်ငါ့ကိုသိပ်နားလည်မပေးပါနဲ့လား
နင်ငါ့ကိုနားမလည်နိုင်တဲ့အခါ
နင်စိတ်ညစ်မှာစိုးလို့ပါ။

နင်ငါ့ကိုစကားတွေနဲ့မဖျားယောင်းပါနဲ့လား
ငါ့နှုလုံးသားတံခါးဖွင့်မပေးနိုင်တဲ့အခါ
နင်ခံစားရမှာစိုးလို့ပါ။

1 comment:

Unknown said...

နင်ကတကယ်လက်မခံဘူးလားဟ၊ လက်ခံပေးလိုက်ပါနော် သူခများသနားပါတယ်၊ :D:D:D သူငယ်ချင်းဘယ်လိုလဲဟ ။ နင်ကလည်းသူကဂရုမစိုက်တော့ရင်လည်း ဂရုမစိုက်ရကောင်းလားဆိုပြီး ဒုတ်ကြီးကြီးရိုက်ပေါါ့ဟဟုတ်ဝူးလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟဟဟဟဟဟဟဟဟဟ