Thursday, October 23, 2008

သိနေတဲ့အဖြေ




မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့

1 comment:

juujuu said...

အဲ့ဒီဒုကခတွေကို လက်ခံနေတယ်မိုလားသူငယ်ချင်း၊ လူတိုင်းချစ်မိရင်အဲံ့ဒီလိုခံစားရမှာပါပဲဟာ