Thursday, October 23, 2008

ပုစ္ဆာဆန်သော နှလုံးသား




မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။
လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ
အချိုမြိန်ဆုံးပဲ။
မင်းနဲ့ဆုံတွေ့ချိန်ဟာ
ရင်အခုန်ဆုံးပဲ။ ။

2 comments:

juujuu said...

မဖြစ်နိုင်တာကိုမျှော်လင့်ရတာစိတ်အပင်ပန်းဆုံးတဲံ့ ဂွတ်တယ်သူငယ်ချင်းရေ ၊ ရင်တွင်းဖြစ်တွေလား၊ ငါတော့အဲ့ဒီစကးလေးကိုတော်တော်ကြိုက်တယ်ဟေ ခံစာချက်တူတယ် ဆက်ကြိုစားနော်

Unknown said...

သူငယ်ချင်းရေ

ခံစားချက်တွေက သိပ်ကိုပြင်းထန်းနေပါလား... ခံစားချက်တွေက တိုက်ဆိုင်လွန်းရင် သိပ်မကောင်းဘူးထင်တယ်..

ဟဲဟဲ