
အတူတူဖူးချင်တဲ့ ဘုရားတွေ
စိတ်ထဲမှာကြိတ်ရွေးနေခဲ့တာ
အကြိမ်ပေါင်းများစွာ
အသစ်ဖွင့်တဲ့ J'donut ဆိုင်မှာ
မဲနှိုက်ရင်း ပျော်ဖူးချင်တဲ့
ကလေးဆန်ဆန်အတွေး
ထိုင်နေကျ ကန်ဘောင်ခုံတန်းလေးမှာ
ပုခုံးပေါ်မှီရင်း ချွဲချွဲနွဲ့နွဲ့ပြောချင်တဲ့
မာယာမဲ့စကား
ဈေးကြီးကြီးကော်ဖီတစ်ခွက်ထက်
နင်ဖျော်ပေးတဲ့ ကော်ဖီကိုပဲသောက်မယ်ဆိုတဲ့
တဇွတ်ထိုးဆန္ဒ
ငါ့ရဲ့မွေးနေ့ဆုတောင်း
နင်မေ့နေပေမယ့် အမှတ်တမဲ့ကြားပြီး
ကြည်နူးသွားတဲ့နင့်အပြုံးကို ငေးကြည့်ချင်တဲ့
ခပ်ကြောင်ကြောင်အတွေး
ဘယ်သီချင်းဘယ်လောက်ကောင်းကောင်း
နင်ဖန်တီးပေးထားတဲ့ သီချင်းတစ်ပုဒ်ကို
အတူတူနားထောင်ချင်တဲ့
ရူးမိုက်တဲ့စိတ်ကူးတွေနဲ့
နင်ရယ်ငါရယ် ဖေဖော်ဝါရီ ၁၄ ရယ်လို့
စိတ်ကူးနဲ့ရူး ပျော်ခဲ့ဖူးတယ်။
Monday, February 15, 2010
ပျော်ခဲ့ဖူးတဲ့ဖေဖော်ဝါရီ ၁၄
Subscribe to:
Post Comments (Atom)
Falling hearts Here
2 comments:
ညီမလေးရေ....ဖေဖေါ်ဝါရီ ၁၄ ရက်တစ်နေ့တည်း ရှိတာမဟုတ်ဘူးလေ...နေ့ရက်တိုင်းက ချစ်သူများနေ့ဘဲလေ....ဟုတ်တယ်ဟုတ်...
ဖေဖော်ဝါရီ ၁၄ ဟာ ကျနော်နဲ့တော့ စိမ်းပါတယ်။
Post a Comment