Saturday, February 28, 2009







ဖြူစင်သူ့ဖေဖေ မွေးနေ့မှာနှစ်တိုင်းလိုလို ကလေးတွေကို ဆန်ပြုတ်တိုက်တယ်လေ။ ဒါပေမယ့် လူကြီးတွေလည်းလာသောက်ကြပါတယ်။ ဒီနှစ်လည်းအရင်နှစ်တွေလိုပဲ ဆန်ပြုတ်တိုက်တယ်
ကလေးတွေကို ဆန်ပြုတ်တိုက်ရတာလောက်ပျော်စရာကောင်းတာမရှိပါဘူး။ သူတို့က ဟန်ဆောင်မှုကင်းတယ်လေ။ အားပါးတရ သောက်နေကြတာကိုကြည့်ရင်းအရမ်းပီတိဖြစ်မိတယ်လေ။ သူငယ်ချင်းတို့လည်း သူတို့လေးတွေ ဆန်ပြုတ်သောက်နေတာကို ကြည့်ရင်း ကြည်နူးရအောင်လို့ ဓာတ်ပုံလေးတွေကို တင်ထားတယ်နော်။

1 comment:

Pai Saw said...

ပျော်ရွှင်မှု ကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ......
ဆုတောင်းပေးလိုက်ပါတယ်.....ခင်ဗျာ....

ပျော်ရွှင်မှုဆိုတဲ့ ကောင်းကင်ကြီးက မင်းလေးဆိုရင်...
မင်းလေးနဲ့ အတူပျော်ရွှင်နေတဲ့  မင်းလေးရဲ့ အနီးဆုံက
တိမ်တိုက်လေးဖြစ်နေပါရစေ...
ကျနော်က ကဗျာရေးတာအရမ်းဝါသနာပါတယ်..
ဒါပေမဲ့ မရေးတတ်ဘူးခင်ဗျ.....


မင်မင်နေသူလေး "ဒိုင်ရ်ချင်းညိုချောလေး"