
ငါသိပါတယ်
မင်းဂရုစိုက်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုလျစ်လျူမရှုဖို့ ပြောပါရစေ
ငါသိပါတယ်
မင်းချစ်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမုန်းဖို့တော့ ပြောပါရစေ
ငါသိပါတယ်
မင်းသတိရတတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမေ့ဖို့တော့ ပြောပါရစေ
ငါသိပါတယ်
အရာရာတိုင်းဟာ ငါ့အတွက်ပါ
ဒါပေမယ့်
ငါအတွက်နင်ရှိနေပါလို့ ပြောပါရစေ
ငါသိပါတယ်
ငါ့စေတနာတွေ နင်မြင်နိင်မှန်း
ဒါပေမယ့်
ငါ့နှလုံးသားထဲကဝေဒနာတွေကို ကုစားပေးဖို့ ပြောပါရစေ
ငါသိပါတယ်
ငါ့တောင်းဆုတွေပြည့်နေမှန်း
ဒါပေမယ့်
တောင်းတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြောပါရစေ
ရေးသားသူ- အဖိုးကြီး
Thursday, January 8, 2009
တောင်းဆု
Subscribe to:
Post Comments (Atom)
Falling hearts Here
No comments:
Post a Comment