Thursday, May 22, 2008

ဆရာတော်ဦးဇောတိက၏ သိစရာ၊ တွေးစရာများ

-ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရာထူးဆုံးရှုံးခြင်း စတာတွေဟာအကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထား ဆုံးရှုံးသွားတာကမှသာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
-တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။
-ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။
-သူတစ်ပါးပြောတာကိုစိတ်ပါလက်ပါအာရုံစိုက်ပြီး နားထောင်ခြင်းဖြင့် သူ့အပေါ်သင့်ရဲ့ ချစ်ခင်လေးစားမှုကို ပြရာရောက်ပါတယ်။
-စိတ်ကျေနပ်မှုအစစ်ဆိုသည်မှာ အားလုံးအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသောအလုပ်ကို သစ္စာရှိရှိ ရိုးရိုးသားသားလုပ်ပြီးမှ ရနိုင်ပါတယ်။ ကိုယ်ကျိုးသက်သက်ရှိတဲ့အလုပ်မျိုးကို လုပ်နေရုံနဲ့ မရနိုင်ပါဘူး။
-ပါးစပ်က ဘာပြောပြောနောက်ဆုံးမှာ သဘောထားကပဲ အဆုံးအဖြတ်ပေးပါတယ်။ ပါစပ်ကညာလို့ရတယ်၊ သဘောထားက ညာလို့မရဘူး။ ချစ်စရာကောင်းတာလည်း သဘောထားကြောင့်ပဲ။ ဘ၀မှာရေရှည်အဆင်ပြေဖို့ အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါပဲ။

2 comments:

KO KO LWIN + YE LAY said...

တောင်ကြီး က နေ USA ရောက်နေတာပါ
အစက ဆရာတော်ရဲ့ စာအုပ်တွေ သယ်ဖို့ လုပ်ပြီးသား
ပေါင် ပို နေလို့ လျှော့ချခဲ့ရလို့ ၁ အုပ်မှ မပါလာဘူး
Internet မှာ ရှာလို့ ရမှန်းသိရလို့ ၀မ်းသာပါတယ်
အားရင် လွယ်လွယ်ရှာဖတ်လို့ ရသွားပြီ

ကိုညီညီ+မရီလေး
San Leandro

Ko Nyi Nyi Taunggyi said...

အခုတော့ စာတွေရေးနေပါတယ်
http://konyinyitaunggyi.blogspot.com/