Friday, March 7, 2008

ကျွန်ုပ်၏အမြင်

သင် မကျေနပ်သောသူတစ်ယောက်၏မကောင်းကြောင်း သူတစ်ပါးအား ပြောချင်ပြီဆိုလျှင် ယခင်က သင့်အပေါ်သို့ ကောင်းထားသည့်အချက်များကို ပြန်စဉ်းစားပါ။ ဘယ်သောအခါမှ အလျှင်စလို သူတစ်ပါးမကောင်းကြောင်းမပြောပါနှင့်။ အပြောခံရသော လူအတွက် နစ်နာမှုများရှိနိုင်သလို အပြောခံရသူက ပြန်ကြားရပြီး သင့်စိတ်ဓာတ်ကိုသိသောအခါ သင့်အတွက်လည်း လူအထင်သေးစရာဖြစ်နေပါလိမ့်မည်။ အခြားသူများကလည်းသင့်အပေါ် အထင်သေးကာ သတိထားဆက်ဆံခြင်းကြောင့် သင့်၏အနာဂတ်လည်းကောင်းမည်မဟုတ်ပေ။ သင်ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း တစ်နေ့ သင့်၏အတင်းပြောတတ်သောဇာတိရုပ်မှာ ထင်းထင်းလင်းလင်းကြီး ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် မည်သူကို မဆိုပြောဆိုဆက်ဆံသောအခါ စိတ်ရင်းအမှန်နဲ့ ဖြူဖြူစင်စင်ဆက်ဆံပါ။ သင့် ပတ်ဝန်းကျင်တွင် ထိုသို့လူမျိုးတွေ့လျှင် စိတ်မဆိုးပါနှင့် သူအတွက်သာ သနားပေးလိုက်ပါ။ သူဟာ အလွန်သနားစရာကောင်းတဲ့လူတစ်ယောက်ပါ။ ကျွန်ုပ်ကတော့ ကျွန်ုပ်ပတ်ဝန်းကျင်တွင် တွေ့ရသောလူတစ်ယောက်ကို မြင်ကာ အလွန်သနားသောကြောင့် ယခုလိုရေးသားခြင်းဖြစ်ပါသည်။

1 comment:

စိုးထက် - Soe Htet ! said...

မှန်တယ် ဗျ လိုက်နာရမယ် ... လိုက်နာသင့်တယ် :D