Friday, October 24, 2008

မင်းအတွက်ငါပါ


နင်ငါ့ကိုအမြဲမပေးနိုင်တဲ့ နင့်ရဲ့ဂရုစိုက်မှု
မပေးပါနဲ့လားကွာ နင့်ရဲ့ဂရုစိုက်မှုကို
အမြဲလိုချင်နေတဲ့ငါ့ကို နင်ဂရုမစိုက်ချင်တဲ့အခါ
နင်စိတ်ရှုပ်မှာစိုးလို့ပါ

ငါ့ကိုသိပ်လိမ်မာမပြပါနဲ့လား
နင်လိမ်တတ်လာတဲ့အခါ
နင်စိတ်ညစ်ရမှာစိုးလို့ပါ။

နင်ငါ့ကိုသိပ်နားလည်မပေးပါနဲ့လား
နင်ငါ့ကိုနားမလည်နိုင်တဲ့အခါ
နင်စိတ်ညစ်မှာစိုးလို့ပါ။

နင်ငါ့ကိုစကားတွေနဲ့မဖျားယောင်းပါနဲ့လား
ငါ့နှုလုံးသားတံခါးဖွင့်မပေးနိုင်တဲ့အခါ
နင်ခံစားရမှာစိုးလို့ပါ။

Thursday, October 23, 2008

ပုစ္ဆာဆန်သော နှလုံးသား




မရေရာတဲ့အခြေအနေတစ်ခုကို ကျော်ဖြတ်ရတာ
အတွေဝေဆုံးပဲ။
မလေးနက်တဲ့ လူတစ်ယောက်ကိုချစ်ရတာ
အပင်ပန်းဆုံးပဲ။
မသေချာတဲ့အဖြေတစ်ခုကို ရလိုက်တာဟာ
စိတ်အရှုပ်ထွေးဆုံးပဲ။
ဂရုမစိုက်တတ်တဲ့လူတစ်ယောက်ကိုချစ်ရတာ
အပူလောင်ဆုံးပဲ။
မဖြစ်နိုင်တဲ့အရာကို မျှော်မှန်းရတာ
စိတ်အပင်ပန်းဆုံးပဲ။
မင်းအကြောင်းတွေးမိတိုင်း
ရင်အမောဆုံးပဲ။
လိုချင်တဲ့အရာတစ်ခုကို ရခါနီးအချိန်ဟာ
အချိုမြိန်ဆုံးပဲ။
မင်းနဲ့ဆုံတွေ့ချိန်ဟာ
ရင်အခုန်ဆုံးပဲ။ ။

သိနေတဲ့အဖြေ




မင်းကို ရင်ခုန်နေသင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို သတိရသင့်လားလို့ ကိုယ့်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို ချစ်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို ဂရုစိုက်သင့်လားလို့ ကိုယ်ကိုတိုင်ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

မင်းကို စောင့်စားနေသင့်သလားလို့ ကိုယ်ကိုတိုင် ပြန်မေးကြည့်တယ်
အဖြေက ရှင်းနေတယ်

အဲ့ဒီ့အဖြေက ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့တဲ့

Friday, October 17, 2008

အားပြိုင်သောအခါ



မင်းရဲ့မာနနဲ့ ငါ့ရဲ့သိက္ခာ
အားပြိုင်သောအခါ........................
ငါ့ရဲ့သ၀န်တိုမှုနဲ့ မင်းရဲ့အရွဲ့တိုက်မှု
အားပြိုင်သောအခါ.......................
ငါ့ရဲ့အနိုင်ယူလိုမှုနဲ့ မင်းရဲ့အလျော့မပေးတတ်မှု
အားပြိုင်သောအခါ......................
ငါလိုချင်တဲ့ဂရုစိုက်မှုနဲ့ မင်းရဲ့ဥပက္ခာ
အားပြိုင်သောအခါ......................
မင်းကိုချစ်တဲ့ငါ့နှလုံးသားနဲ့ငါ့ဦးနှောက်အသိ
အားပြိုင်သောအခါ......................

ခံစားရေးဖွဲ့သူ- ရောင်စဉ်