Thursday, May 22, 2008

ဆရာတော်ဦးဇောတိက၏ သိစရာ၊ တွေးစရာများ

-ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရာထူးဆုံးရှုံးခြင်း စတာတွေဟာအကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထား ဆုံးရှုံးသွားတာကမှသာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
-တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။
-ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။
-သူတစ်ပါးပြောတာကိုစိတ်ပါလက်ပါအာရုံစိုက်ပြီး နားထောင်ခြင်းဖြင့် သူ့အပေါ်သင့်ရဲ့ ချစ်ခင်လေးစားမှုကို ပြရာရောက်ပါတယ်။
-စိတ်ကျေနပ်မှုအစစ်ဆိုသည်မှာ အားလုံးအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသောအလုပ်ကို သစ္စာရှိရှိ ရိုးရိုးသားသားလုပ်ပြီးမှ ရနိုင်ပါတယ်။ ကိုယ်ကျိုးသက်သက်ရှိတဲ့အလုပ်မျိုးကို လုပ်နေရုံနဲ့ မရနိုင်ပါဘူး။
-ပါးစပ်က ဘာပြောပြောနောက်ဆုံးမှာ သဘောထားကပဲ အဆုံးအဖြတ်ပေးပါတယ်။ ပါစပ်ကညာလို့ရတယ်၊ သဘောထားက ညာလို့မရဘူး။ ချစ်စရာကောင်းတာလည်း သဘောထားကြောင့်ပဲ။ ဘ၀မှာရေရှည်အဆင်ပြေဖို့ အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါပဲ။

Friday, May 2, 2008

တောင်းပန်စာ

ဖြူစင်သူ့ဆီလာလည်သောမိတ်ဆွေများကို အသစ်မတင်နိုင်လို့ အရမ်းအားနာပါတယ်။ မီးကလည်းပျက်။ ကွန်နက်ရှင်က နှေး၊ ဖြူစင်သူကလည်း ပျင်းပျင်းနဲ့ အားလုံးပေါင်းလိုက်တော့ အသစ်မတင်နိုင်တော့ဘူးလေ။ တနင်္လာနေ့မှာ အသစ်တင်နိုင်အောင် ကြိုးစားပါ့မယ်။ လာရောက်လည်ပတ်သူ မိတ်ဆွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ကြိုးစားသွားပါ့မည်။