Friday, November 30, 2007

အတွေးစာစုများ

မျက်နှာမူကား ပဒုမ္မာကြာ၊
 နှုတ်ထွက်စကားက စန္ဒကူးနံ့သာ၊
 စိတ်နှလုံးသားကား အဆိပ်ပမာ၊
 ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။
လောကနီတိ

 သစ်ပင်၏အရိပ်သည် အေးချမ်း၏။
 ထိုထက် ဆရာသမားအရိပ်သည် ပို၍ အေးချမ်း၏။
 ထိုထက် မိဘအရိပ်သည် ပို၍ အေးချမ်း၏။
 ထိုထက် မြတ်စွာဘုရားအရိပ်သည် အဆများစွာ သာလွန်အေးချမ်း၏။

ရေဘယ်လောက်သောက်သင့်သလဲ

လူအများစုနေ့စဉ်သောက်သုံးနေသောအချိုရည်၊ သစ်သီးဖျော်ရည်၊ နို့၊ ကော်ဖီ၊ လက်ဖက်ရည်တို့တွင် ရေဓာတ် ပါဝင်သော်လည်း အချို့တွင် ကဖင်းဓာတ်များ ပါဝင်နေသည်။ ကဖင်းဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ ရေကို ဖယ်ထုတ်သည်။ လူခန္ဓာကိုယ်တွင် ရေဓာတ်သည် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ကိုယ်လက် လှုပ်ရှားမှုများသောလူများနှင့် ကဖင်းဓာတ်ပါသော အစားအသောက်များ စားသုံးမှုများသော လူများသည် ရေကို ပိုမိုသောက်သုံးသင့်သည်။ တနေ့လျှင် ရေ (၈) ခွက် ( သို့မဟုတ်) (၂) လီတာခန့် သောက်သုံးသင့်သည်ဟု လူအများက လက်ခံယုံကြည်ကြသည်။ ကျွမ်းကျင်သူများက ရေကို သောက်နိုင်သလောက် များများ သောက်သုံးလျှင် အကောင်းဆုံးပင်ဖြစ်သည်ဟု ပြောကြားကြသည်။ အမျိုးသမီးများသည် နေ့စဉ်ရေ (၂.၇) လီတာခန့်နှင့် အမျိုးသားများသည် (၃.၇) လီတာခန့် သောက်သုံးသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုပြောကြားသည်။ ထို့ကြောင့်--- မိတ်ဆွေတို့အနေနဲ့ ရေကို ဘယ်လောက်သောက်သင့်တယ်ဆိုတာ ကိုယ်တိုင်ချင့်ချိန်သုံးသပ်သောက်သုံးကြပါ။

Thursday, November 29, 2007

မျှမျှတတတွေးတတ်ပါစေ( သို့) အစွန်းမရောက်ပါစေနှင့်

ထိုအချက်သည် လူ့အဖွဲ့အစည်းအတွင်းနေထိုင်သူများအနေဖြင့် အထူးသတိထားရမည့်အချက်ဖြစ်သည်။ မည်သည့်အနေအထားတွင်မဆိုလွန်ကဲမှုဖြစ်လျှင် ထိခိုက်မှုများ ရှိနိုင်သည်။ ယခုဖြစ်ပွားနေသောစစ်ပွဲများနှင့် ဖြစ်ပြီးသောစစ်ပွဲများသည် လူတို့၏အစွန်းရောက်သောအမြင်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်အခြေအနေတွင်မဆို အစွန်းမရောက်ဘဲ အလယ်အလတ်အမြင်(မျှတသောအမြင်)ဖြင့် လောကကြီးငြိမ်းချမ်းအောင်ဆောင်ရွက်ကြပါစို့။ မည်သည့်အခြေအနေတွင်မဆို ရေလိုလူဖြစ်အောင် နေထိုင်ပြီး ကျောက်တုံးလိုလူမဖြစ်အောင် ကြိုးစားနေထိုင်ကြပါစို့။ ကျွန်ုပ်တို့၏မြတ်စွာဘုရားပင်လျှင် အလယ်အလတ်လမ်းစဉ်ကို သာကျင့်သုံးပြီး တုနှိုင်းမရှိသောမြတ်စွာ ဘုရားအဖြစ်သို့ရောက်တော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တုနှိုင်းမရှိသောမြတ်စွာဘုရားသည် နှိုင်းနှိုင်းချိန်ချိန် ကြံဆပြီး အစွန်းမရောက်ရန် အစဉ်ဟောကြာတော်မူပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် လောကီလောကုတရာနှစ်ဖြာ အောင်မြင်ရန်အတွက် အစစအရာရာ မျှမျှတတရှိအောင်ကြိုးစားဆောင်ရွက်သင့်သည်။ မည်သည့်အရာကိုမျှ တရားလွန်စွဲလမ်းမှုမရှိသင့်ကြောင်း၊ တရားလွန်စွဲလမ်းခြင်းဖြင့် မိမိကိုယ်ကိုသာ ထိခိုက်နိုင်ကြောင်း ကျွန်ုပ်၏ဆရာမတစ်ဦးက ဆုံးမသည်။ သငိုသည်လည်း လောကတွင် အစွန်းမရောက်ဘဲ မျှတသောအတွေးများနှင့် သင့်ဘ၀အောင်မြင်မှုများအတွက် လျှောက်လှမ်းနိုင်ကြပါစေ။

Monday, November 26, 2007

Be peaceful all of beings mind

Hello all of you!
If you want to get success and good things, please make sure that your mind will be pure and calm. Be mind if I devalue you, I devalue myself. So don't tell the ill of others. Do the good things for the others and don't hope the results of your work. Forgive injuries and never forget loving-kindness.